Wednesday, July 31, 2013

Cafeeze ရဲ့ အားနည်းချက်ကို အသုံးပြုခြင်း (or) Hacing To Cafeeze

ကျွန်တော်တို့ Internet shop တွေမှာ သုံးနေတဲ့ Sever net work software အဖြစ်သုံးနေ
တာကတော့ Cafeeze , Handy cafeeze ... အစရှိသဖြင့်ပေါ့ (ကျွန်တော်လည်းဒါပဲသိတယ်ဗျ)
Cafeeze ရဲ့အားနည်းချက်လေးကိုပြောပြချင်ပါတယ်။ကျွန်တော်ကိုယ်တိုင် စမ်းသပ်ရှာဖွေ တွေ့ရှိခဲ့တဲ့
နည်းလို့လည်းပြောလို့ရပါတယ်၊
ကျွန်တော်လည်း ဒီနည်းလေးကို တော်တော်လေး သုံးဖြစ်ပါတယ်။ ဒါပေမယ့်
အမြဲတမ်းတော့ မသုံးပါဘူး။ ခဏခဏပဲသုံးတာပါ ။ကျွန်တော်လုပ်နေကျကတော့ နှစ်နည်းရှိပါတယ်။
(၁)Member card မှ ၀င်နည်း
ကျွန်တော်တို့ က ဆိုင်မှာ အရင် Member card အရင်လုပ်ပါတယ်။ကိုယ့်မန်ဘာနဲ့ ကိုယ်ဝင်တယ်။
သုံးပြီရင် ပြန်အောက်တယ်။ အဲမှာ Cafeeze ကကျွန်တော်တို့သုံးတဲ့ အချိန်ကို တွက်ပြီးတော့ ကျွန်တော်တို့ မန်ဘာကတ်က
ပိုက်ဆံ(အချိန် နာရီ)တွေကို နုတ်ပါ တယ်။ ခုနည်းက Cafeeze ကိုအလုပ်မလုပ်နိုင်အောင်လုပ်မှာပါ။(ပင်စဉ်ပေးမှာပါ.....)
ကျွန်တော်ကတော့ Sever စက်ထိုင်တဲ့ လူလစ်ရင်တော့ သုံးပါတယ်။
အရင်ဆုံး မန်ဘာနဲ့ အရင်ဝင်သုံးလိုက်ပါတယ်၊ အဲ့နောက် လစ်ရင် Tesk Manager ကိုခေါ်ပြီးတော့
Cafeeze ကို End Task လိုပ်လိုက်ပါ။ ဒါဆိုရင် Cafeeze က အလုပ်မလုပ်တော့ တဲ့ အတွက် Sever စက်
နဲ့ မချိတ်တော့ ပါဘူး။ ဒါဆိုရင်သင့် သုံးတဲ့ အချိန်ကို Cafeeze က မတွက်နိုင်တော့ ဘဲ သင်သုံးတာက
သင့် မန်ဘာကတ်ထဲကမဟုတ်ပဲ Free သုံးနေတာ ပါ ။
သင် သွင်းထားတဲ့ မန်ဘာကတ်မှာ ပိုက်ဆံက မလျှော့ တာတွေ့ရမှာပါ ။ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ
Sever စက်ထိုင်တဲ့လူမလစ်ရင်တော့ မလုပ်ဖို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲလိုလုပ်လိုက်ရင်
သင့် မန်ဘာ အကောင့် က Sever စက်မှာ မန်ဘာအောက်လိုက်သလိုဖြစ်နေမှာပါ။ Sever ထိုင်တဲ့ လူရှိရင်တော့
သိနိုင်ပါတယ်။
(၂) ဒါနည်းကတော့ မန်ဘာနဲ့ မ၀င်တဲ့ နည်းပါ။
ဒီအချက်မှာ Cafeeze ရဲ့ အားနည်းချက်ကို ပြောချင်ပါတယ်။ Cafeeze ကပိတ်ထားတယ်ဆိုပေမယ့် Shortcut Key တွေ
နဲ့ ကြိုက်တာကို အပြင်ကနေလှမ်းခေါ်လို့ ရပါတယ်။ ဒါကသူ့အားနည်းချက်ပါ။ဒီအားနည်းချက်ပေါ်ကို အခြေခံပြီးတော့ ကျွန်တော်
က ရှာခဲ့တာပါ။
ကြာတယ်ဗျာ နည်းပဲပြောတော့မယ်။ လေရှည်တယ်လို့တော့ အပြောမခံနိုင်ဘူး။
ဆိုင်မှာဝင်သုံးတော့ Cafeeze ကပိတ်နေတာတော့ အားလုံးသိမှာပါ။ ဒါဆိုရင်ဘယ်လို ၀င်မလဲ ။
အပေါ်နည်းကလိုပဲ Tesk Manager ကိုခေါ်ရမှာပါ။ ဘယ်လိုခေါ်ရမှာလဲဆိုတော့ Shortcut key နဲ့ ခေါ်ရမှာ ပေါ့
Shortcut key က window 7 မှာ Ctrl +Shift +Esc ကိုတွဲ နှိပ်ပြီးတော့ ခေါ်လိုက်ပါ။
အဲမှာတစ်ခုတွေ့ ရမှာက Tesk Manager ကခဏတက်လာပြီးတော့ Cafeeze ကပြန်ပိတ်သွားမှာပါ။
ဒါဆို Tesk Manager ကိုခဏခဏခေါ်ရမှာပါ လက်တစ်ဖက်က Key ကိုခေါ် ပြီးတော့ တစ်ဖက်
မောက်ကို Cafeeze ကိုတစ်ချက်ကလစ်လိုက်ပြီးတော့ End Task လုပ်လိုက်ပါ။ ဒါဆိုရင်တော့
ခိုးသုံးလို့ရပါပြီ ။ ကျွန်တော်ကတော့ ခိုးသုံးလို့ ၀လို့ ဒီနည်းကိုပြောပြတာပါ။ သိတာကတော့ ကြာပါပြီ။
နောက်တနည်းလည်းရှိပါသေးတယ်။အဲနည်းကတော့ ကျွန်တော်သုံးလို့မ၀သေးလို့ မပြောပြသေးပါဘူး
ဒါပေမယ့် Coming soon ပေါ့ ...

Credit to စိုင်းသီဟစိုး

No comments:

Post a Comment